Dhamma Doctor

အမှာစာ

မြန်မာနိုင်ငံမှ ဒေါက်တာဘွဲ့ရ ရဟန်းတော်များအကြောင်းကို ရေးပြီး မှတ်တမ်းစာအုပ် တစ်အုပ် ပြုလုပ်ချင်စိတ်ရှိနေသည်မှာ (၂၀၀၄) ခုနှစ်ကတည်းက ဖြစ်ခဲ့ပါသည်။ ထိုနှစ်က စာရေးသူသည် ဗုဒ္ဓဂယာအနီးရှိ မဂဓတက္ကသိုလ်တွင် မဟာဝိဇ္ဇာဘွဲ့အတွက် စာသင်နေခဲ့ကြသော ရဟန်းတော်(၂၀)ခန့်ကို အင်္ဂလိပ်စာ တိုးတက်ရန် အထောက်အကူ သင်တန်း ပို့ချပေးခဲ့ရပါသည်။ စာရေးသူသည် ထိုအချိန်က ဒေါက်တာဘွဲ့အတွက် နုတ်ဖြေစာမေးပွဲကို စောင့်နေခဲ့သည့် အချိန်ဖြစ်ပါသည်။ ပါရဂူဘွဲ့ အတွက် စာတမ်းတင်ပြီးသော်လည်း  ပြင်ပစာစစ်ဆရာမှ မေးသော နုတ်ဖြေစာမေးပွဲကို ဖြေဆိုရပြီး ထိုဆရာက သဘောတူ မှသာလျှင် ပါရဂူဘွဲ့ကိုပေးပါသည်။ (၂၀၀၄) နှစ်က မှတ်တမ်းစာအုပ် တစ်အုပ်အဖြစ် စာရေးချင်ခဲ့သော ထိုစိတ်ကူးကို (၂၀၁၀) ခုနှစ်ရောက်မှ အစပြန်ကောက်နိုင်ခဲ့ပြီး ရေးသားမှုကို စတင်ဖြစ်ခဲ့ပါသည်။ စိတ်ကူးပ်ါခဲ့ပြီး (၆) နှစ်တာကာလအတွင်း ဒေါက်တာ ဘွဲ့ကိုရခဲ့သော ရဟန်းတော်များ၏ အရေအတွက်မှာလည်း (၃) ဆခန့် ပိုပြီးများလာ ခဲ့ပါသည်။ များလာခဲ့သဖြင့် စာရေးသူနှင့် လက်လှမ်းမမှီသော ဒေါက်တာဘွဲ့ရ ရဟန်းတော်များလည်း အများအပြား ရှိလာခဲ့ပါသည်။

Read more...

အမှတ်စဉ်(၂)

 ယခင်ဆောင်းပါးကိုဆက်ရပါမည်။ဆရာတော်ကြီး၏ ဘွဲ့အမည်မှာ ဦးသုမနသာဂရ မထေရ်ဖြစ်ပါသည်။ သက်တော်ရှစ်ဆယ်နီးပါး ရှိသော်လည်း ကျန်းမာရေးကောင်းမွန်သည်ဟု ဆိုရပါမည်။ သို့ပေမဲ့ သတိထား မိသည်ကတော့ နားလေးခြင်းနှင့်ခြေထောက်ကလေးများ မို့နေခြင်းပင်ဖြစ်ပါသည်။ ယနေ့မှစ ၍နောင်တစ် ဆယ့်လေးနှစ်တိတိ အသက်ရှည်လိမ့်ဦး မည်ကိုတော့ ထိုစဉ်က မသိခဲ့ပါ။ စာရေးသူရောက်လာတော့ အတော်ပင် ၀မ်းသာသည့်ပုံကိုတွေ့ရပါသည်။ အင်မီဂရေးရှင်းဋ္ဌာနသို့ သွားပြီး သူ၏ဆောင် ရွက်ခဲ့ပုံ ကိုပြောပြပါသည်။ တက္ကသိုလ်ကျောင်းသွားပြီးဆောင်ရွက်ခဲ့ပုံကိုလည်းပြောပြကာ တပည့်တော် တာဝန်ကျေ ပါတယ်နော် ဦးနန္ဒကဟု မကြာခဏပြောဆိုခဲ့ပါသည်။ နားလေးသောသူများက သူမကြားရသည်ကို ကိုယ်ချင်းစားပြီး သူတစ်ပါးကိုလည်း မကြားမှာစိုးရိမ်သည်ဟုထင်ပါသည်။ ဆရာတော်သည် ငယ်ရွယ်သည့် ရဟန်းတော်များကိုလည်း ဘုရားတပည့်တော်ဟု ပြောဆိုခြင်းဖြင့် လေးလေးစားစား ဆက်ဆံတတ်သည်ဟု ယူဆနိုင်ပါသည်။ သို့ပေမည့်နေရာတကာတွင် မှန်ချင်မှ မှန်ပေမည်။ပြောဆိုခြင်းတစ်ခုတည်းကို အသေစွဲပြီး မမှတ် ယူသင့်ပေ။တောင်မြို့ ဆရာတော်ကြီးအား ပခုက္ကူဆရာတော်ကြီးက ဇနကဟုသုံးစွဲပြီး မင်းနှင့်ငါနှင့် သုံးနုန်းသော်လည်းမေတ္တာစေတနာ ပြည့်ဝသည့် ဆရာတော်ကြီးဖြစ်သည့်အတွက် ရိုင်းသည်ဟု မဆိုနိုင်ပေ။ မန္တလေးမှကျေးဇူးရှင် စာချဆရာတော် များသည်လည်း ဟေ့နန္ဒက မင်းက ဘယ်မှာလဲ၊ ဘာလုပ်နေတာ လဲဟု ရင်းရင်းနှီးနှီး ခေါ်ဝေါ်သုံးစွဲသည်ကိုတွေ့ရပါသည်။ ကြားနေကျဖြစ်သည့်ပြင်မေတ္တာစေတနာဖြင့် ဆက်ဆံကြသည်ကိုပါ သိနေသဖြင့် စကားလုံး ပေါ်တွင်အခြေ မခံသင့်ပေ။

Read more...

v

ဤခရီး မနီးမဝေးပါ (၁၅)

ယဉ်ကျေးမှုမြို့တော် မဲလ်ဘုန်းမြို့

(၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့၊)

  ၁၈၃၅ ခုနှစ်က တည်ထောင်ခဲ့သော မဲလ်ဘုန်းမြို့တော်သို့ ယနေ့နေ့လည်တွင် ဦးဇနိတနှင့် အတူရောက် ရှိခဲ့ပါပြီ။ ဤမြို့လည်ခေါင်ကိုဖြတ်၍ ဦးဇနိတကျောင်းတည်ရှိရာကျောင်းသို့ လာကြိုသော ကားကို စီးခဲ့ရပါ သည်။ တစ်နာရီခန့်မောင်းပြီးသော်ကျောင်းနေရာသို့ရောက်ခဲ့ပါသည်။ သို့သော်ကျောင်းသို့ မ၀င်သေး ဘဲကျောင်းမြေနေရာသစ်ကို ကြည့်ရှုရန် အတွက် ကားကိုဆက်မောင်းခဲ့ကြပါသည်။ ဧက၀က်ခန့်ရှိသော ဤမြေနေရာသည် အဆောက်အဦးနှင့်တကွ ကာလတန်ဖိုး သြစတေးလျဒေါ်လာ ရှစ်သိန်းခန့်ပေးရမည်ဟု သိရပါသည်။ ထိုဝယ်ယူရန် လျာထားသောကျောင်းမြေနေရာနှင့် အဆောက်အဦးကို ကြည့်ပြီးနောက် ဦးဇနိ တသီတင်းသုံးနေဆဲကျောင်းသို့ ညနေပိုင်းတွင်ရောက်ခဲ့ပါသည်။ ဤကျောင်းသည် ယခင်က သီရိလင်္ကာရ ဟန်းတော်များနေထိုင်ခဲ့သည့်ကျောင်းကို ၀ယ်ယူခဲ့ခြင်း ဖြစ်သည်ဟုသိရပြီး ဦးဇနိတသည် မြန်မာကျောင်း၏ ဒုတိယမြောက် ရဟန်းတော်ဖြစ်ပါသည်။ ဤကျောင်းရောက်သော်နှစ်ရက်ခန့် ဘယ်မှမလည်ဖြစ်ပဲကျောင်း တွင် စာဖတ်နေခဲ့ပါသည်။ ဖတ်ဖြစ်သည့်စာမှာ မဟာသမယသုတ်တော် အစုံဖြစ်ပါသည်။ မဟာစည် ဆ ရာတော်ကြီးသည် ဤတရားတော်များကိုဟောကြားပြီး စာအုပ်အဖြစ်လေးအုပ်ထုတ်ဝေထားပါသည်။ ထိုစာ အုပ်လေးအုပ်တွင်တစ်အုပ်စီ၏ နိဒါန်းကို မဟာစည်ဆရာတော်၊ရွှေတောင်ကုန်း ဆရာတော်၊မြန်အောင် ဆရာတော်၊ ပဲခုးကြခတ်ဝိုင်းဆရာတော်တို့ကရေးသားထားပါသည်။ မဟာသမယသုတ်တော်သည် ငြိမ်း ချမ်းရေး၏ အသီးအပွင့်ဖြစ်သော အကျိုးရလာဒ်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ဒေ၀ဒဟနှင့် ကပိလမြို့များမှ စစ်သားတစ်ဖက်နှစ်ရာငါးဆယ်စီကို ရဟန်းပြုစေခဲ့ပြီး အားလုံး ရဟန္တာဖြစ်ကြသောအခါ မဟာဝုန်တောကြီး အတွင်းတွင်ဟောကြားအပ်သော တရားဒေသနာတော်ဖြစ်ပါသည်။ ဤသုတ်ဟောကြားချိန်တွင် တရားနာ ယူရန်ရောက်လာကြသော နတ်ပရိတ်သတ် အပေါင်း၏ နာမည်များကိုခေါ်တော်မူထားသဖြင့် နတ်ချစ် သုတ္တန်ဟုလည်း ခေါ်ဝေါ်ကြပါသည်။ နယုန်လပြည့်နေ့တွင် ရွတ်ဆိုလေ့ရှိသော သုတ္တန်တစ်ခု ဖြစ်ပေသည်။ ဤငါးရာသော ရဟန်းတော်တို့သည် ရဟန်းမပြုမီ တစ်ချိန်ကကောက်ပဲသီးနှံများရှင်သန်စေရန်ရေကို အကြောင်းပြု၍တစ်ဖက်နှင့်တစ်ဖက် သတ်ခါနီးဆဲဆဲ အခြေအနေတွင် ရှိခဲ့သည့် ရန်ဖက်များဖြစ်ခဲ့ ကြပေသည်။ အချိန်မီကြွတော်မူလာခဲ့သော ဘုရားရှင်၏ ညီညွတ်ရေးဟောကြားမှုကြောင့် ရန်များရပ်စဲခဲ့ရုံ သာ မျှမက ရဟန်းတော်များဖြစ်ခဲ့ကြကာ ရဟန္တာဘ၀အထိပင် ရောက်ခဲ့ကြပေသည်။

Read more...

အမှတ်စဉ် (၄၈)

 အရှင်ဘုရား...

   တပည့်တော်လည်း အရင်ရက်ပိုင်းကတော့ တပည့်တော်တို့ရဲ့ သင်တန်းအစီ အစဉ်တွေက အချိန်တိုအတွင်းမှာ မဟာသိပ္ပံသင်တန်းပြီးအောင်လုပ်ရတာဆိုတော့ အစီအစဉ်တွေ အရမ်းကြပ်နေ တာနဲ့ဘုန်းဘုန်းနဲ့တောင် သိပ်မဆက်သွယ်ဖြစ် ဘူးဘုရား။ အခုရက်ပိုင်းတော့တပည့်တော်လည်း အလုပ်တွေနည်းနည်းပါးသွားလို့ဘာသာရေးအကြောင်းလေးစဉ်းစားမိရင်းနဲ့ မေးခွန်းလေးတစ်ခုပေါ်လာ လို့ပါဘုရား။တပည့်တော်တို့ ရဟန်းပြုတဲ့ အခါ သာမန် လူဝတ်ကြောင်နာမည်ကို ပါဠိနာမည်ပြောင်းကြပါ တယ်ဘုရား။ဘုရားလက်ထက်ကရော အဲဒီလို နာမည်ပြောင်းလေ့ ရှိပါသ လားဘုရား။နောက်ပြီးလော ကုတ္တရာမှာပညတ်တရားထက် ပရမတ္ထတရားကိုပိုပြီးအလေးပေးပေမယ့်လောကီနယ်မှာတော့ ပညတ်တွေ ကလည်းမရှိမဖြစ် လိုအပ်တယ်လို့ထင်ပါတယ်ဘုရား။ ဒါကြောင့် တပည့်တော် အဓိက မေးချင်တဲ့ မေးခွန်း ကတော့ပညတ်တွေဘာကြောင့် လိုအပ်ရသလဲဆိုတာ ဘုရားဟောထားတာတွေရှိရင်သိချင်ပါတယ် ဘုရား။                                    ရိုသေစွာဖြင့်   ကြံထူး

   ဘုရားလက်ထက်ကရော လူဝတ်ကြောင်ဘ၀မှ ရဟန်းဘ၀သို့ပြောင်းသော် နာမည်ပြောင်း၊ မပြောင်း ဆိုသည့် အမေးကိုဖြေရရင်သိဒ္ဓတ္ထမင်းသား(ပြီးပြည့်စုံသူမင်းသား) အမည်မှ တရားသိသွားသောအခါ သိသူ ဗုဒ္ဓအဖြစ်သို့ အမည်ပြောင်းသွားသည်ကို သိနိုင်ပါသည်။ဂေါတမ ဟူသောအမည်မှာ ဘုရားရှင်၏ မျိုးနွယ် အမည်ဖြစ်ပါသည်။ သာရိပုတ္တထေရ်သည် လူ့ဘ၀က ဥပတိဿဖြစ်ပြီးမောဂ္ဂလာနထေရ်ကို လူ့ဘ၀ ကကောလိတဟုခေါ်ပါသည်။အရှင်မဟာ ကဿပမထေရ်၏ လူ့ဘ၀နာမည်သည် ပိပ္ပလိလုလင်ဖြစ်ပါ သည်။ အရှင်အာနန္ဒာ၊ ဘဂု၊ ကိမိလ၊ဒေ၀ဒတ်၊ အနုရုဒ္ဓါ၊ ဥပါလိ၊ ဆန္န၊ ဘဒ္ဒိယစသည့် မထေရ်တို့မှာ လူ့ဘ၀ ကနာမည် အတိုင်းပင်ဖြစ်၍ မပြောင်းလဲပါ။ သို့အတွက် ဘုရားလက်ထက်က နာမည်ပြောင်း ရှိသလို၊ မပြောင်းသည်လည်းရှိပေသည်။ ဘုရားခေတ်က နာမည်များသည် ပါဠိနာမည်များပင်ဖြစ်၍ နာမည်ပြောင်း လဲသော်လည်း ပါဠိနာမည်မှ အခြားပါဠိနာမည်တစ်ခုသို့ပြောင်းလဲခြင်းမျိုးဖြစ်ပါသည်။မြန်မာ ဥပ မာအားဖြင့်မောင်စိုးသူကို မောင်ကျော်နိုင်ဟု ပြောင်းခြင်းမျိုး ဖြစ်ပါသည်။

 မြန်မာအပါဝင် ထေရ၀ါဒနိုင်ငံအားလုံးနှင့် မဟာယာန ၀ါဒရှိသည့်နိုင်ငံများတွင် ပါဠိနာမည် ပြောင်းခြင်းကို ဓမ္မနာမည်ပြောင်းခြင်းဟုပြောဆိုကြပါသည်။ပြောင်းလဲခြင်းမှာ သက်ဆိုင်ရာနိုင်ငံနှင့် လူမျိုးများ၏ နာမည် သည်ပါဠိဘာသာဖြင့်မဟုတ်သဖြင့် ပါဠိဘာသာကို အမြတ်တနိုးထားသောထေရ၀ါဒနှင့် သက္ကတဘာသာကို တန်ဖိုးထားသော မဟာယာန၀ါဒယုံကြည်သူများက ထိုဘာသာနာ မည်ကို ပြောင်းယူကြခြင်း ဖြစ်ပါသည်။ ပါဠိနှင့်သက္ကတစာပေသည်ကွဲလွဲမှုမဆိုစလောက် သာရှိပါသည်။ ဤသို့ပြောင်းလဲခြင်းဖြင့် ဓမ္မကိုတန်ဖိုး ထားခြင်း၊ လူဝတ်ကြောင်ဘ၀နာမည်နှင့် ကွဲပြား သွားသဖြင့် သီးသန့်ဖြစ်သွားပြီး ရှင်းရှင်းလင်း လင်းဖြစ် သွားခြင်းစသော ကောင်းကျိုးများရစေပါသည်။ ရဟန်းဘ၀ရောက်သော် လူ့နာမည်သုံးစွဲနေသော ရဟန်း များလည်းရှိပါသည်။ သို့သော် အနည်းစု ဖြစ်ပါသည်။ ဆရာတော်ဦးရန်ကုန်၊ ဆရာတော်ဦးထွန်းတင် စသည်တို့ ဖြစ်ပါသည်။

   ပညတ်သည် အလွန်အရေးကြီးပါသည်။ အများစုက လက်ခံထားကြသဖြင့် အများနှင့် ဆက်ဆံရသော လောကကြီးတွင် ပညတ်မရှိ၍ မဖြစ်ပါ။ ဥပမာ သင်္ကန်းသည် ပိတ်စမှဖြစ်ရပါသည်။ ထဘီ၊ ပုဆိုးသည်လည်း ပိတ်စမှ ဖြစ်ရပါသည်။ သင်္ကန်းဟု လူအများကခေါ်ဝေါ် ပညတ်ပြီးသော အခါတွင် တန်ဖိုးမတူတော့ပါ။ ပရမတ်အနေနှင့် ကြည့်လျှင်မူ အဋ္ဌကကလာပ်ရုပ် အစုမျှသာ ဖြစ်ပါသည်။ မိခင်နှင့် ဇနီးတို့ကိုလည်း သမ္မုတိမျက်စိနှင့်(ပညတ်မျက်စိ) ကြည့်ရပါသည်။ ပရမတ် မျက်စိ သက်သက်ဖြင့် ကြည့်ပါ ကကျေးဇူးမပေါ်လွင်ပဲ ရှိတတ်ပါသည်။ ရုပ်နာမ်နှစ်ပါးဟုသာမြင်နေပါက ခွဲခြားရမည်မှာ ခက်ခဲ သွားပေလိမ့်မည်။ သို့အတွက်ကြောင့် ပညတ် ပရမတ်ကို ကွဲပြားစွာ သိရပါမည်။ အသေ၀နာစ ဗာလာနံ၊ (လူမိုက်ကို အပေါင်းသင်းရ) ပဏ္ဍိတာနဉ္စသေ၀နာ (ပညာရှိကို မှီဝဲဆည်းကပ်ရ) ဟုဟောတော်မူရာ ပညတ်ဒေသနာသာဖြစ်ပါသည်။ ပရမတ္ထအနေဖြင့် လူဟူ၍မရှိ ရုပ်နာမ်နှစ်ပါး၊ သို့မဟုတ် ခန္ဓာငါးပါးသာ ရှိပေရာ လူမိုက်ဟုလည်း မရှိ၊ ပညာရှိဟုလည်း မဆိုဟု ပရမတ်မျက်စိတပ်ပြီးပြောဆိုပါက ဘုရားဟောဒေ သနာကို နားလည်မည် မဟုတ်ပေ။ သို့အတွက်ကြောင့် မင်္ဂလသုတ် တစ်ခုလုံးသည် သမ္မုတိသစ္စာ (ပညတ်ကိုဗဟိုပြု၍) ကိုဟောတော်မူပါသည်။ သုတ္တန်ဒေသနာ အကုန်လုံး၊ ၀ိနည်းဒေသနာ တစ်လုံး ပညတ်ကို အခြေပြု၍ဟောတော်မူပါသည်။ အဘိဓမ္မာဒေသနာတော်သည်သာလျှင် ပရမတ်ကို ဗဟိုပြု ပြီးဟောတော်မူပါသည်။ ပညတ်ကို ဥာဏ်ဖြင့်ခွဲခြမ်း စိတ်ဖြာသော် အဆင့်ဆင်ပြောင်းနေသည် ကိုတွေ့ ရပေမည်။လောကလူသားတွေ စည်းကမ်းတကျနေတတ်ရန်၊ ညီညီညွတ်ညွတ်နေ တတ်ရန်၊ ကြီးပွါး တိုးတက်ရန် ပညတ်သည် အရေးကြီးပါသည်။ သုတ္တန်၊ ၀ိနည်းဒေသနာတော်များ၏ အကျိုးများသည် ပညတ်မှ ရလာသည့် ရလာဘ်များဖြစ်ပါသည်။

  ပရမတ္ထသစ္စာသည် သံသရာလွတ်လမ်း သက်သက်သာဖြစ်ပါသည်။ ပညတ်ကိုကျော်နိုင်မှ ပရမတ် ကိုမြင်မည်ဖြစ်ပါသည်။ ထူးခြားသောဥာဏ် မရှိပါပဲ ပရမတ် မျက်လုံး မရှိနိုင်ပါ။ ပရမတ်သည်လောကုတ္တ ရာ အကျိုးစီးပွါးအတွက် ဖြစ်ပါသည်။ ပညတ်သည် လောကီ အကျိုးစီးပွါး အတွက် ဖြစ်ပါသည်။

တောင်ကိုရီယားနိုင်ငံမှ ဗုဒ္ဓဘာသာမေးခွန်း

အမှတ်စဉ် (၄၇)

           ဆရာတော်ဘုရား တပည့်တော်မေးခွန်းလေးတစ်ခုပေါ်လာလို့ပါဘုရား။ ဘုရားစေတီတွေ တည်ကြတဲ့အခါ ဌာပနာ ပစ္စည်းတွေ အဖိုးတန်တွေ ထည့်ပြီး တည်ခဲ့ကြတာတွေရှိတယ်မို့လားဘုရား။ အဲဒီဘုရားတည်တဲ့ ဘုရားဒကာ တစ်ချို့တွေက ဒီပစ္စည်းတွေက ဘုရားအတွက်ပဲ လှူထား တာဖြစ် လို့ ယူငင်သုံးဆောင်တဲ့သူတွေ ဘာဖြစ်ပါစေ ညာဖြစ်ပါစေဆိုပြီး တကယ့်ကို ကြောက်စရာ ကျိန်စာတွေ တိုက်ခဲ့ကြတယ်ဆိုတာ ကြားဖူးပါတယ်ဘုရား။တပည့်တော်တို့ ကံသုံးပါး ကျူးလွန်မှုထဲမှာ မနောကံက အပြစ်အကြီးဆုံး၊ နောက်ဝစီကံ ကာယကံ စသည်ဖြင့်သွားတဲ့အခါ အခုလို ကျိန်စာတိုက်တဲ့သူဟာ မနော ကံနဲ့ဝစီကံကိုကျူးလွန်ခဲ့ တာမို့နောက်သူ့ကျိန်စာစူးရင် စူးရောက်သလို တဖက်သားတွေမှာ လည်းဆွေ စဉ်မျိုးဆက်ကျိန်စာသင့်ကြရတာမို့အဲဒီလို ကျိန်စာတိုက်တဲ့ ဘုရားဒကာမှာ ဘုရားတည်တဲ့ ကုသိုလ်ထက် ငရဲမျိုးစေ့တွက ပိုများမနေဘူးလားဘုရား၊ရွှေ၊ငွေပစ္စည်းတွေလည်း လှူရသေးတယ်၊ ကုသိုလ်တစ်ပဲ၊ ငရဲ တစ်ပိဿာဖြစ်နေသလိုဖြစ်မနေဘူးလားဘုရား။ အကယ်လို့ ကျိန်စာတိုက်ထားတာကို မသိဘဲ သုံးစွဲခဲ့မိ တဲ့ ကာယကံရှင်ရဲ့ဆွေစဉ် မျိုးဆက်တွေဟာ ဘုမသိ၊ ဘမသိ အခုအထိ ကျိန်စာမိနေခဲ့ ရင်ပြေအောင် လုပ်လို့ရတဲ့နည်း ရှိပါသလားဘုရား။ အရှင်ဘုရား အယူအဆလေးကို နဲနဲပြောပြ ပေးပါဘုရား၊

ဆရာတော်ကျန်းမာစွာဖြင့်

သာသနာ့အကျိုးသည်ပိုးဆောင်ရွက်တိုင်းအမြဲအောင်တော်မူပါစေ၊ ရိုသေစွာဖြင့်
တပည့်တော်
ရွှေမာသန်း
အီဟွာအမျိုးသမီးတက္ကသိုလ်
ဆိုးလ်၊ ကိုရီးယား။

 

                     မရွှေမာ၏ မေးခွန်းတွင် အရှင်ဘုရား အယူအဆလေးကို နဲနဲပြောပေးပါဟု မေးခွန်းတွင် ပါဝင်ပါသည်၊ ဖြေဆိုရန် စဉ်းစားမိသောအခါ ဘုရားအယူအဆကို ပြောပြရမည်ဟု နှလုံးသွင်းမိပါသည်။ အယူအဆမှာဒေါက်တာနန္ဒက၏ အလိုမဟုတ်ပါ ဘုရားရှင်ဟောတရားများကို သိစေရပါသည်။ ဤမေး ခွန်းတွင်ကြံဆချက်များ များစွာပါဝင်နေပါသည်။ လတ်တလောဖြစ်နေသည့်အဖြစ်အပျက်များ မဟုတ် သည့်ပြင်မေးခွန်းရှင်ကလည်းကိုယ်တိုင်တွေ့ဖူးသည် မဟုတ်သဖြင့် ကြားဖူးသည်ဟု ဆိုထားပါသည်။ ကျိန်စာဆိုသည်မှာ ကျိန်ဆဲသောစာဟု ယူဆပါသည်။ ဆဲရေးသဖြင့် စကားလုံး မချော၊ နားမခံသာဖြစ် ရပါသည်။ မရွှေမာ၏မေးခွန်းတွင် မနောကံသည် အပြစ်အကြီးဆုံးဟု ဆိုထားလေသဖြင့် ကျိန်စာတိုက် သူ၏ မနောကို စောကြောကြည့်သင့်ပါသည်။ အလွန်အဖိုးတန် ပစ္စည်းကို မလှူဘဲ ၀တ်ဆင်ထားသူပင် မိမိပစ္စည်းပျောက်မှာစိုးသဖြင့် အလွန်သတိကြီးစွာစောင့်ရှောက် ကြရပါသည်။ လှူဒါန်းမည်ဟု စိတ်ကူးရဲ သူမှာ အတော်ပင်ရှားလှပေမည်။ တကယ်လှူဒါန်းဖြစ်သူမှာမူ အလွန်ပင် နည်းပါးပေမည်။ လှူဒါန်းသူမှာ ရက်ရက်ရောရော စွန့်လွှတ်သည် ဆိုပါသော်လည်း အကျိုးများစေချင်သည်မှာသေချာပါသည်။ မိမိ ပစ္စည်းများကို စွန့်လွှတ်ပြီး ရဟန်းဒကာပြုလုပ်သော ရဟန်းဒကာ၊ ရဟန်းအမများမိမိတို့၏ ရဟန်းတော် ကိုတော်စေချင်၊ သာသနာအတွက် အကျိုးများစေချင်သည်မှာ သဘာဝကျပါသည်။ ဤနည်းတူပင် ဘုရားဒကာမှာလည်း မိမိပစ္စည်းများ မပျောက်ပျက်စေချင်သည်မှာ သဘောသဘာဝတူမည်ဟု ခန့်မှန်းရ ပါသည်။ ဤသို့ဆိုလျှင် သူ၏ မနောကံသည် မဆိုးနိုင်ပေ။ ပထမပိုင်း မနောကံသည် မဆိုးလှပေ။

Read more...